ချစ်ခြင်းမေတ္တာနဲ့ ကြွယ်ဝမှုဆက်ဆံရေး
- 2 days ago
- 1 min read

ချစ်ခြင်းမေတ္တာဆိုတာ Abundance ပါပဲ။ အဲဒီချစ်ခြင်းကို ပေးတတ်တယ်။ လက်ခံတတ်တယ်။နားလည်တတ်တယ်ဆိုရင် ဒါဟာ The Flow of Abundance ကြွယ်ဝမှုစီးကြောင်း၊ လိုတရစီးကြောင်းနဲ့ တစ်သားတည်းပါပဲ။
Abundant Relationships ဆိုတာ ငွေကြေးဥစ္စာပြည့်စုံတဲ့လူတွေ၊ နာမည်ကျော်တွေ အတူပေါင်းဖက်ကြတဲ့ Relationships မျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ နာမည်ကြီးရုပ်ရှင်မင်းသမီးနဲ့ သူဌေးသားတစ်ယောက် ပေါင်းဖက်ကြတာဟာ Abundant Relationship မဟုတ်ပါဘူး။ Abundant Relationship တစ်ခုမှာအခြေခံကျတဲ့ Key Elements ၅ခုကို အသဲလေး ၅လုံးနဲ့ ဖော်ပြပေးလိုက်ပါတယ်။
💜Unconventional Giving and Receiving
Relationship တွေမှာ Giving and Receiving ဆိုတဲ့ ပေးခြင်းယူခြင်းတွေရှိကြပါတယ်။ ဒါပေမဲ့ Abundant Relationship တွေမှာ ပေးခြင်းယူခြင်းတွေဟာ အခြေအနေတစ်ခုပေါ် မူတည်နေတာမဟုတ်ဘူး။ မျှော်လင့်ချက်တွေမပါဘူး။ ပေးတာပဲဖြစ်ဖြစ် ယူတာပဲဖြစ်ဖြစ် စိတ်အင်မတန်လွတ်လပ်တယ်။ ချစ်ခြင်းမေတ္တာ၊အကြင်နာတရား၊ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်း (Love, Kindness, Forgiveness, and Patience) တွေဟာ Abundant Relationship တွေထဲမှာ သဘာဝကျကျပဲ စီးဆင်းနေလေ့ရှိတယ်။ ငါကဘယ်လောက်ပေးတယ်။ သူက ဘယ်လောက်ပေးတယ်ဆိုတဲ့ အမှတ်ပေးစည်းမျဉ်းတွေလို တွက်ဆမနေဘူး။ ပေးတာပဲဖြစ်ဖြစ်၊ယူတာပဲဖြစ်ဖြစ် စစ်မှန်တဲ့ ဂရုစိုက်မှုအပေါ်မှာပဲ အခြေခံတယ်။ လိုအပ်တဲ့အတွက်ပေးကမ်းတယ်။ အဲဒီလိုပဲလက်ခံတယ်။ ပေးတဲ့သူက အသာစီးရမနေသလို ယူတဲ့သူကလည်း သိမ်ငယ်သွားစရာမလိုဘူး။လိုအပ်ချက်အရ ပေးတယ်၊ ယူတယ်။ ဒီလိုပဲ သဘောထားရမှာဖြစ်တယ်။
💜Trust and Emotional Safety
အချင်းချင်းယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတယ်။ Relationship တစ်ခုဟာ Trust ဆိုတဲ့ ယုံကြည်မှုကို အခြေခံအုတ်မြစ်အဖြစ်ထားတယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးက နေရထိုင်ရတာ စိတ်လုံခြုံမှုရှိတယ်။စိတ်သက်သောင့်သက်သာဖြစ်တယ်။ ဝေဖန်ခံရမှာ၊ထားခဲ့ခံရမှာစတဲ့ ကြောက်စိတ်တွေမရှိဘူး။ Emotional Safety ရှိတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် နက်ရှိုင်းစွာ တွယ်တာတတ်ကြတယ်။
💜Celebration Without Comparison
အချင်းချင်းမှာ ပြိုင်ဆိုင်မှုမရှိဘူး။ တစ်ယောက်အောင်မြင်မှုပေါ်မှာ တစ်ယောက်က ဂုဏ်ယူနိုင်တယ်။ဂုဏ်ပြုနိုင်တယ်။တစ်ယောက်ရဲ့အောင်မြင်မှုကို တစ်ယောက်က ဂုဏ်မယူနိုင်တဲ့အပြင် မနာလိုစိတ်တောင် ဖြစ်တတ်ကြတဲ့လူတွေ၊စုံတွဲတွေ အများကြီးရှိပါတယ်။အချင်းချင်းအကြွားပြိုင်နေတဲ့သူတွေတောင်ရှိသေးတယ်။
တကယ်တော့ Abundant Relationship တွေမှာ တစ်ယောက်ရဲ့ တောက်ပတဲ့အလင်းရောင်ဟာ နောက်တစ်ယောက်ကို မှိန်ထွက်သွားစေတာမျိုးမဟုတ်ဘူး။ ပိုပြီးတော့တောင် တောက်ပစေတယ်။ ဒီလိုခံယူရမှာဖြစ်တယ်။
💜Growth Through Support
တစ်ယောက်ကိုတစ်ယောက် Support လုပ်ရင်းနဲ့ ထောက်ပံ့ကူညီပေးရင်းနဲ့ပိုပြီး ဘဝမှာတိုးတက်မှုရလာကြတယ်။ တချို့ဆက်ဆံရေးတွေမှာ တစ်ယောက်ရဲ့တိုးတက်မှုအတွက် တစ်ယောက်က ဘာမှမလုပ်ပေးနိုင်တဲ့သူတွေ၊မလုပ်ပေးချင်တဲ့သူတွေရှိတယ်။ နှစ်ယောက်မှာ တစ်ယောက်က တိုးတက်လာတယ်ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ဂုဏ်ယူရမယ့်အရာပါ။ အားပေးယုံကြည်ရမယ့်အရာပါ။ တချို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နှိမ်ထားတတ်ကြတယ်။ တစ်ယောက်ရဲ့တိုးတက်မှုအတွက် တစ်ယောက်ကခွင့်ပြုမပေးဘူးဆိုရင် ပြည့်စုံကြွယ်ဝချမ်းသာစေတဲ့ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။
ကိုယ့်ဘေးနားမှာရှိတဲ့သူက မအောင်မြင်တဲ့သူ၊အဆင်မပြေတဲ့သူဆိုရင် ကိုယ်ဟာသူ့အတွက်ဂုဏ်မယူရဘူး။သူနဲ့ပတ်သက်ပြီး တောက်ပခွင့်ကိုမရဘူး။ကိုယ့်လူကိုယ် အဲလိုမျိုးဖြစ်စေချင်တာလား။ သိမ်ငယ်စေချင်တာလား။ သူနဲ့ပတ်သက်ပြီး တောက်ပချင်တယ်။ ဂုဏ်ယူချင်တယ်ဆိုရင် သူ့ကိုလည်း တိုးတက်ဖို့၊ လင်းလက်တောက်ပဖို့ ထောက်ပံ့ကူညီပေးရမှာဖြစ်ပါတယ်။ကိုယ်လည်းတိုးတက်ရမှာဖြစ်သလို သူ့ရဲ့တိုးတက်မှုအတွက်လည်း လမ်းဖွင့်ပေးရမယ်။ ခွင့်ပြုပေးရမယ်။ ကိုယ့်ဘေးကလူက ဘာအောင်မြင်မှုမှမရှိရင် ကိုယ်ရော လူကြားထဲမှာ တင့်တယ်နိုင်ပါ့မလား။
💜Shared Abundance Mindset
Abundance Mindset ကို အချင်းချင်းမျှဝေပါ။ Universe ဟာ ချစ်ခြင်းမေတ္တာကိုလည်း အလုံအလောက်ပေးတယ်။အခွင့်အရေးတွေ၊ကောင်းမွန်ခြင်းတွေကိုလည်း အားလုံးအတွက်ဖန်တီးပေးနေတယ်။ ဒါကြောင့်မို့လို့ အချင်းချင်းမနာလိုတာတွေ၊နာကြည်းတာတွေ၊စိတ်မလုံခြုံမှုတွေ၊ကြောက်ရွံ့စိတ်တွေမရှိဘူးဆိုတဲ့ Abundance Mindset ကိုထားရမှာဖြစ်တယ်။
မွန်ဟော်စီ
၂၀၂၅