Relationship တစ်ခု အဆုံးသတ်ဖို့လိုအပ်တဲ့ အကြောင်းရင်းများ
- Feb 23
- 1 min read

တစ်ယောက်နဲ့တစ်ယောက်စိတ်ဝင်စားမှုမရှိတော့ဘဲ ဆက်ဆံရေးတစ်ခုကို ဘာကြောင့်အဆုံးသတ်ဖို့လိုအပ်ပါသလဲ။
Lack of Passion
Passion ဆိုတာကို စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှု၊ ရူးသွပ်မှု အစရှိသဖြင့် အဓိပ္ပါယ်ယူနိုင်ပါတယ်။ Relationship တစ်ခုဟာအဲဒီလို Passion ရှိနေတော့မှ သက်ဝင်လှုပ်ရှားမှု၊ ရင်ခုန်စိတ်ဝင်စားမှုတွေ ရှိနေတာပဲဖြစ်ပါတယ်။ Passion မရှိတော့ဘူးဆိုရင် Relationship အပေါ်မှာ စိတ်ဝင်စားမှု၊ ကျေနပ်မှုမရှိတော့ပါဘူး။
Compatibility Issues
တစ်ခါတစ်ရံမှာ မတူညီမှုတွေက နှစ်ဦးသားရဲ့ဆက်ဆံရေးကို ပိုပြီးချိတ်ဆက်သွားစေနိုင်ပေမယ့် တစ်တခါရံမှာတော့ မတူညီမှုတွေများလာတာနဲ့အမျှ ပြဿနာတွေဖြစ်လာပါတော့တယ်။ တန်ဖိုးထားမှုခြင်းမတူဘူး။ စိတ်ဝင်စားမှုတွေ အယူအဆတွေ သွားချင်တဲ့လမ်းကြောင်းတွေမတူဘူး။ တစ်ယောက်ရဲ့အလုပ်အပေါ်မှာ တစ်ယောက်က အထင်ကြီးလေးစားခြင်းမရှိဘူး။ ဒီလိုမတူညီမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပွတ်တိုက်မှုတွေဖြစ်ပေါ်လာပြီး တကယ်ကိုကောင်းမွန်တဲ့ Relationship ကိုတည်ဆောက်ဖို့စိန်ခေါ်မှုတွေဖြစ်လာတတ်ပါတယ်။
Communication Breakdown
Effective Communication ထိထိရောက်ရောက်ပြောဆိုဆက်ဆံနိုင်ခြင်းဟာ လူနှစ်ဦးကြားက Relationship အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးပြိုကွဲသွားတယ်။ Communication Breakdown ဖြစ်သွားတယ်ဆိုရင် သူနဲ့ ဘယ်အကြောင်းအရာကိုမှ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်လင်လင်မပြောနိုင်တော့ပါဘူး။ အဲဒီအခါမှာ နားလည်မှုတွေလွဲကြတယ်။ နာကြည်းမှုတွေပေါ်ပေါက်လာတယ်။ Relationship တစ်ခုလုံးပြိုကွဲသွားနိုင်တယ်။
Unresolved Issues
Relationship တိုင်းမှာ ပြဿနာတွေ အနည်းအများမဆိုရှိတတ်ပေမယ့် တချို့ပြဿနာတွေကတော့ ဘယ်လိုပဲဖြေရှင်းဖြေရှင်း တစ်ဖက်လူရဲ့ ခိုင်မာတဲ့ခံယူချက် သို့မဟုတ် စိတ်ဒဏ်ရာကြောင့် လုံးဝဖြေရှင်းလို့မရတာမျိုးတွေရှိပါတယ်။ အဲတော့ အမြဲတမ်းအဲဒီပြဿနာက ထပေါ်လာတတ်ပြီး မဆုံးနိုင်တဲ့ရန်ပွဲတွေ နာကျင်မှုတွေ ဆက်ဖြစ်နေကြရတော့တာပါပဲ။
Lack of Growth
Healthy Relationship တွေဟာ တစ်ဦးချင်းစီရဲ့တိုးတက်မှု Personal Growth and Development ကို ဦးစားပေးပါတယ်။ မိမိကိုယ်တိုင်လည်း တိုးတက်သွားရမှာဖြစ်သလို တစ်ဖက်သူရဲ့တိုးတက်ရေးကိုလည်း လမ်းဖွင့်ပေးရမယ်။ မပိတ်ပင်မတားဆီးရဖို့ဖြစ်ပါတယ်။ နေရာတစ်ခုမှာ ကိုယ်ဟာ Full Potential ရအောင် အကောင်းဆုံးလုပ်နိုင်ပါရက်နဲ့ ကိုယ့် Partner ရဲ့ ဇီဇာကြောင်မှု၊ သဝန်တိုမှု၊ သဘောမတူညီမှု၊ ဆွဲချမှု၊ တိုက်ခိုက်မှု၊ စွပ်စွဲမှု၊ ဖျက်လိုဖျက်ဆီးလုပ်မှု၊ မပံ့ပိုးမှုတွေကြောင့် နောက်ကိုပြန်ဆုတ်လိုက်ရတယ်ဆိုရင် အဲဒီ Relationship ဟာ ရေရှည်ဆက်သွားဖို့ မထိုက်တန်တော့တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတာ သဘောပေါက်ရမှာဖြစ်ပါတယ်။
Emotional Disconnect
သူနဲ့ပတ်သက်ပြီး ရင်ခုန်လှုပ်ရှားမှုမရှိတော့ဘူး။ စိတ်ပိုင်းဆိုင်ရာအရ ကွာဝေးသွားပြီဆိုရင် Relationship တွေမှာ ရှိသင့်ရှိအပ်တဲ့ မီးတောက်မီးစလေးတွေ ငြိမ်းစပြုလာပြီလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သူနဲ့ အဝေးရောက်သွားသလိုခံစားရတယ်။ သူနဲ့ချိတ်ဆက်မှုမရှိတော့ဘူးလို့ ခံစားရတယ်ဆိုရင်အဲဒီ Relationship ဟာ ပြီးဆုံးတော့မယ်ဆိုတဲ့လက္ခဏာပါပဲ။
Repeated Betrayals
တစ်ဦးနဲ့တစ်ဦးယုံကြည်မှု Trust ဟာ အောင်မြင်တဲ့ Successful Relationship တွေမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တချို့Partner တွေဟာ အင်မတန်လိမ်တတ်တယ်၊ ညာတတ်တယ်။ သစ္စာဖေါက်တတ်တယ်။ လှည့်စားတတ်တယ်။ ကိုယ့်စကား ကိုယ်တာဝန်မယူဘူး။ ကတိတွေကို ဖောက်ဖျက်တတ်တယ်။ အဲဒီအကြောင်းတွေကြောင့်ပဲ ပြဿနာတွေတက်နေရတယ်ဆိုရင်ဒီ Relationship ကို ရှေ့ဆက်သွားဖို့ ခက်လာပါလိမ့်မယ်။
တကယ်တော့ every relationship is unique လို့ဆိုတဲ့အတိုင်း Relationship တွေဟာ တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။ Relationship တစ်ခုပြီးဆုံးသွားတာဟာ နာကျင်ရတာမှန်ပေမယ့် တစ်ခါတစ်ရံတော့ နှစ်ဖက်စလုံးအတွက်ကောင်းမွန်တဲ့လမ်းတွေပွင့်သွားဖို့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းပဲဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၄
Comments