top of page
Search

Financial Freedom – တကယ့်ငွေကြေးလွတ်လပ်မှုဆိုတာဘာလဲ?

  • 4 days ago
  • 1 min read
A black book with gold mandala patterns and text "The Flow of Abundance" by Mon Halsey. Background features ornate gold designs.

Financial Freedom ဆိုတာလူတိုင်းကိုရင်ခုန်စေတဲ့ စကားလုံးတစ်ခုပါ။လူတွေဟာ ငွေကြေးအရလွတ်မြောက်မှု Financial Freedom ဆိုတဲ့အခြေနေတစ်ခုကို လိုချင်ကြပါတယ်။ တောင့်တမက်မောကြပါတယ်။


စဉ်းစားကြည့်ရအောင်..။ ကိုယ့်အတွက် Financial Freedom ငွေကြေးဆိုင်ရာလွတ်မြောက်မှုဆိုတာဘာလဲ။


Financial Freedom နဲ့ပတ်သက်ပြီး လူတစ်ယောက်ချင်းစီရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ တူညီမှာမဟုတ်ပါဘူး။လူတော်တော်များများကတော့ Financial Freedom ဆိုတာကို ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ Number Game တစ်ခုလို သတ်မှတ်ကြတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ဘဏ်စာရင်းထဲမှာ ဘယ်လောက်ပမာဏရှိဖို့၊ ဘယ်နှစ်မှာ အကြွေးနဲ့ဝယ်ထားတဲ့အိမ်အတွက် အကုန်ပေးချေနိုင်ဖို့ စတဲ့အရာတွေကို ရည်မှန်းပြီး Financial Freedom ရမယ်လို့ယူဆကြပါတယ်။


ဒါပေမဲ့ တကယ့်ငွေကြေးလွတ်လပ်မှုက ငွေပမာဏထက် ပိုပြီးလေးနက်မှုရှိပါတယ် ဒါဟာ ကိုယ့်စိတ်ကို စတင်ပြောင်းလဲမှုဖြစ်ပြီး၊ မိမိဘဝအတွက် Financial Freedom ဟာ ဘာကိုဆိုလိုတာလဲဆိုတာ ပြန်စဉ်းစားတာ၊ကိုယ့်ဘဝကို ကိုယ့်တန်ဖိုးနဲ့ညီညွတ်အောင် ပုံဖော်တာတွေဖြစ်ပါတယ်။


Financial Freedom ဆိုတာကတော့ ငွေကြေးအကန့်အသတ်တွေကြောင့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ချုပ်ချယ်ခံထားရခြင်းမရှိဘဲ ကိုယ့်ဘဝအတွက် ဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာ၊ပျော်ရွှင်စွာ၊စိတ်ဖြောင့်စွာ ချမှတ်နိုင်ခြင်းကို ဆိုလိုပါတယ်။မိမိရဲ့လိုအပ်ချက်တွေ၊ဆန္ဒတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ လူ့အဖွဲ့အစည်းအတွက် အဓိပ္ပါယ်ရှိစွာ ပေးကမ်းမျှဝေနိုင်ဖို့အထိ အရင်းအမြစ် Resources တွေ ရှိနေခြင်းပါ။


တကယ့်ငွေကြေးလွတ်လပ်မှုဟာ တစ်နေ့ရောက်ကိုရောက်ရမယ်ဆိုတဲ့ ပန်းတိုင်တစ်ခုလို ယူဆနေတာမျိုးထက် နေ့စဉ်လျှောက်လှမ်းနေရတဲ့ ခရီးတစ်ခုလို ခံစားကြည့်ရမှာဖြစ်ပါတယ်။အဲဒီခရီးကို ဘယ်နေရာကပဲ စတင်လိုက်ပါစေ ..၊ကိုယ့်ရဲ့ ပြည့်စုံကြွယ်ဝမှုဟာ ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့သာ သက်ဆိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုဖြစ်တာကိုသိဖို့လိုပါတယ်။


တချို့အတွက်တော့ ငွေကြေးလွတ်လပ်ခြင်း Financial Freedom ဆိုတာ မကြိုက်တဲ့အလုပ်ကနေနုတ်ထွက်ပြီး ကိုယ့်စီးပွားရေးကိုစတင်တာ ဖြစ်နိုင်တယ်။တချို့အတွက်တော့ ကမ္ဘာလှည့်ခရီးထွက်တာ၊မိသားစုနဲ့အချိန်ပိုပေးနိုင်တာ၊ လူထုအကျိုးပြုပရဟိတလုပ်ငန်းတွေမှာ အချိန်ပေးတာ၊လှူဒါန်းတာ၊ကိုယ်ဝါသနာပါတဲ့အရာတွေကိုကြောင့်ကျမရှိဘဲ စီးမျောနိုင်တာမျိုးဖြစ်နိုင်တယ်။အဓိက,ကတော့ ကိုယ့်ရဲ့တန်ဖိုးနဲ့ ညီညွတ်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ရွေးချယ်မှုအခွင့်အရေး (Freedom of choice) ရှိနေခြင်းပဲဖြစ်ပါတယ်။


ဒီအခွင့်အရေးကြောင့်ပဲ ငွေဟာ ကိုယ့်ဘဝကို ထိန်းချုပ်နေတာမျိုး မဟုတ်တော့ဘဲ၊ ကိုယ့်အတွင်းထဲက တန်ဖိုးနဲ့ ကြိုက်နှစ်သက်မှုတွေအတွက် ကိုယ်ကငွေကိုပြန်ပြီး အသုံးပြုစေခိုင်းနိုင်တာမျိုးဖြစ်လာတယ်။


တကယ့်ငွေကြေးလွတ်လပ်မှု Financial Freedom ဆိုတာ ငွေဘယ်လောက်ရှိတာကို ပြောတာမဟုတ်ဘဲ၊ ကိုယ့်ရဲ့တန်ဖိုးတွေ၊ ရည်ရွယ်ချက်တွေ၊ အကြောင်းပြချက်တွေနဲ့အညီ ဘဝကို နေထိုင်နိုင်ဖို့ ရွေးချယ်ခွင့်ရမှုဖြစ်တယ်။


ဒီနေ့မှာပဲ ကိုယ့်အတွက် တကယ့်ငွေကြေးလွတ်လပ်မှု Financial Freedom ဆိုတာ ဘာလဲ။ ပြန်စဉ်းစားကြည့်ပါ။ ဘဏ်စာရင်းထဲက ငွေပမာဏမျှသာမက၊ ကိုယ်ဘယ်လိုရှင်သန်ချင်သလဲ၊ ဘယ်လိုလမ်းစဉ်နဲ့ ရည်ရွယ်ချက်ကိုလိုက်ချင်သလဲဆိုတာ အပေါ်မှာ အခြေခံထားတဲ့ လွတ်လပ်မှု Freedom ကို ရရှိဖို့ စတင်လိုက်ကြရအောင်။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page