top of page
Search

ဆုတောင်းရုံနဲ့ ဘာမှမဖြစ်နိုင်

Aug 27, 2025
1 min read

Updated: Aug 28, 2025

Book cover with ornate gold patterns, text in Burmese and English: "The Flow of Abundance" by Mon Halsey on a dark background.

ဘဝမှာ Abundance ဖြစ်ဖို့ဆိုတာ ဖိအားပေးနေဖို့လည်းမလိုဘူး။ နောက်က လိုက်ဖမ်းနေဖို့လည်းမလိုဘူး။ထိန်းချုပ် စီမံနေဖို့လည်းမလိုဘူး။ကိုယ့်ရဲ့ Energy စွမ်းအင်ကို ညီညွတ်အောင် ညှိလိုက်တာနဲ့အရာအားလုံးဟာ အလိုအလျှောက် သူ့နေရာနဲ့သူနေသားတကျရောက်ရှိအဆင်ပြေလာပါလိမ့်မယ်။


တကယ်တော့ အရာရာဟာ Energy တွေပါပဲ။ စိတ်ဆိုတာကလည်း အင်မတန်ကြီးမားတဲ့ Energy ဖြစ်ပါတယ်။ အဲဒီ Energy ကိုပဲ ကိုယ်လိုချင်တဲ့အရာတွေ ဘဝအခြေအနေတွေနဲ့ ကိုက်ညီအောင် ညှိလိုက်တဲ့အခါမှာ ကောင်းမွန်နဲ့ရလာဒ်တွေ ထွက်လာတဲ့သဘောပါပဲ။ဘယ်လိုညှိရသလဲဆိုတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့စည်းကမ်းနဲ့ ညှိရတာပဲဖြစ်ပါတယ်။ အဲဒီအခါမှာ သိသာတဲ့အဆင်ပြေမှုတွေ၊ ပြည့်စုံကြွယ်ဝမှုတွေ၊ Abundance တွေကိုရရှိလာတာဖြစ်ပါတယ်။


ဘုရားရှေ့မှာ ထိုင်ပြီးဆုတောင်းနေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ကိုယ်လိုချင်တာရဖို့ဆိုရင် အဲဒီအတွက် Action ဆိုတဲ့လုပ်ဆောင်မှုတွေ၊ Effort ဆိုတဲ့ကြိုးစားအားထုတ်မှုတွေ၊ Faith ဆိုတဲ့ယုံကြည်မှုတွေ၊Resilience ဆိုတဲ့ခံနိုင်ရည်ရှိမှုတွေ လိုအပ်တာဖြစ်ပါတယ်။ဒီအကြောင်းအရာတွေဟာ Abundance ဖြစ်ဖို့အတွက် အခြေခံအကြောင်းအရာတွေလည်းဖြစ်ပါတယ်။ Financial Freedom ဆိုတာ တကယ်တော့ Abundance ပါပဲ။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


bottom of page