top of page
Search

Facebook ပေါ်က ဓာတ်ပုံတွေနဲ့ လူ့ဘ၀ အကြောင်း သုံးသပ်ချင်စိတ်

  • Dec 12, 2022
  • 1 min read

Updated: Apr 29


Owl and cat in a boat under a starry sky. Owl sings, cat relaxes. Boat has a glowing star lantern. Peaceful night setting.


မိတ်ဆွေတွေစကားဝိုင်းထဲမှာ..တစ်ယောက်အကြောင်း တစ်ယောက်ပြောကြတဲ့အခါ..Facebook ပေါ်က ဓာတ်ပုံတွေကိုကြည့်ပြီး လူတွေရဲ့ဘ၀ကို.. သိစိတ်တစ်၀က် မသိစိတ် တစ်၀က်သုံးသပ်ကြတာမျိုးတွေ အခုနောက်ပိုင်း..ပိုသတိထားလာမိပါတယ်။ သူတို့လင်မယား အဆင်မပြေဘူးထင်တယ်..အမျိုးသမီး တင်တဲ့ Status တွေကတစ်မျိုးပဲ..


သူတို့ ..ဘာများဖြစ်ကြလဲမသိဘူး..Anniversary မှာတောင် ပုံမတင်ကြဘူး..အရင်ကဆို အမြဲ တင်နေ ကျလေ..သူတို့ အလှုအတန်းတွေ ဘာတွေလည်း မလုပ်ကြဘူးထင်တယ်..တစ်ခါမှလည်း မတွေ့မိဘူး....ယောကျာ်းဘက်က အမျိုးတွေနဲ့တည့်ကြရဲ့လားမသိဘူး..တစ်ခါမှ အကူးအလူး အဆက်အဆံရှိပုံလည်း မတွေ့ရဘူး..စသည်ဖြင့် ပေါ့လေ..


Facebook ပေါ် လင်မယားစုံတွဲပုံမတင်တဲ့အခါ ဒီလင်မယားကွဲနေပြီ အဆင်မပြေကြဘူးထင်တယ်လို့.. တွေးတတ်ကြတယ်..အပြင်မှာ အဆင်မပြေပေမဲ့ Facebook ထဲမှာ ပြုံးပျော်ပြနေကြတဲ့ လင်မယားတွေလည်း အများကြီးပဲ..ကိုယ်တွေတောင် အဲလို ဟန်ဆောင်ပြတတ်သူတွေထဲမှာ..မပါဘူးလို့ ပြောနိုင်လို့လား..


ကျွန်မတို့ လင်မယားလည်း..အထိမ်းမှတ်တစ်ခုခုရှိတဲ့အခါ..အပြင်ထွက်စားကြတာ..လက်ဆောင်လေးတွေ ပေးကြတာလုပ်တတ်ကြပါတယ်..ဓာတ်ပုံတွေတော့ အမြဲတမ်း မတင်ဖြစ်ဘူးရယ်..တစ်ခါတစ်လေ အိမ်မှာ ရန်သတ်လာကြတယ်..ပွဲတွေလမ်းတွေရောက်တဲ့အခါ လက်ချင်း ဆုပ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် .. ကင်မရာရှေ့ မှာတော့..အလှဆုံးပြုံးပြလိုက်ကြတာပဲ..


ဒါ ကျွန်မတို့ လင်မယားရဲ့ Favorite pose ပဲ..အဲဒီလိုပုံတွေကိုကြည့်ပြီး..ဟာ..သူတို့လင်မယား..ဒီပုံထဲကလိုပဲ ..အမြဲ..သိပ်ချစ်ကြတာပဲလို့ထင်ရင် မှားမှာပဲ...ဓာတ်ပုံတွေဟာ..လူတွေရဲ့ တကယ့်ဘ၀ အစစ်မဟုတ်ပါဘူး..

တစ်ခါ ကျွန်မတို့..လင်မယားရဲ့..အထိမ်းအမှတ် တစ်ခုရှိနေတာကို သိတဲ့ မိတ်ဆွေ တစ်ယောက်က .. ဓာတ်ပုံတွေလည်းတင်တာမတွေ့လို့...ဘာများဖြစ်လို့လဲ..လို့..ပြောတာကြုံဖူးတယ်..


ဘာမှမဖြစ်ပါဘူး...အဲဒီနေ့ကအပြင်လည်း ထွက်စားဖြစ်တယ်..ဓာတ်ပုံ လည်းရိုက်ဖြစ်တယ်.. မတင်ဖြစ်တာပါလို့ပဲ ပြောလိုက်ရတယ်..ရိုက်ပြီးမှ ရုပ်ဆိုးနေရင်လည်း မတင်ချင်ဘူး..မအားရင်လည်း.. မတင်ဖြစ်ပါဘူး..ကြာသွားရင်လည်း..ပျင်းပြီး မတင်ဖြစ်တော့ပါဘူး.. ကိုယ့်ဘာသာပဲ သိမ်းထား လိုက်တယ်လေ..တခါတလေလည်း ဓာတ်ပုံတောင်မရိုက်ဖြစ်လိုက်ပါဘူး.. အတူရှိနေကြတဲ့အချိန်တွေက ပိုတန်ဖိုးရှိတယ်လေ..


အထိမ်းအမှတ် အထူးစပယ်ရှယ်နေ့တွေဆိုရင် သူတို့လင်မယား..ဘယ်သွားပြီး..ဘာစားကြလဲ.. ဘာလက်ဆောင်တွေ ပေးကြလဲဆိုတာ..Facebook ပေါ်က..မသိမသာ...စောင့်ကြည့်နေတတ်ကြတဲ့ လူတွေရှိ နေသလား..ဆိုတာကို အတွေးရောက်စေခဲ့ပါတယ်..Facebook ပေါ်ဓာတ်ပုံတင်တယ်ဆိုတာ.. တာ၀န်တစ်ခု အနေနဲ့ ဖြစ်မနေသင့်ဘူး..အမှတ်တရအတွက်ပဲဖြစ်သင့်တယ်..တင်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အခါ တင်မယ် ..တင်ချင်စိတ်မရှိတဲ့အခါမတင်ဘူး..ဒီလောက်ပါပဲ..


ကျွန်မကတော့..ဒီလိုပဲစဉ်းစားလိုက်တာပါပဲ..Facebook..ပေါ်သိပ်ချစ်ပြနေတဲ့သူတွေ တွေ့တိုင်းလည်း တကယ့်အပြင်မှာ..ဒီလောက်တော့ မဟုတ်ပြန်ဘူးလေ..တချို့..Facebook မှာ..ဓာတ်ပုံတွေ..တွေ့လိုက်ရရင် ဘားမှာ တစ်ညတည်းနဲ့ ၅သိန်းလောက် သုံးဖြုန်းနိုင်တဲ့ပုံ ဖမ်းထားပေမဲ့..တကယ်တမ်း အပြင်မှာတော့ ဘာမှ ဟုတ်မနေပြန်ဘူး..


ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့..ဓာတ်ပုံတွေကိုကြည့်ပြီး..သူ့ဘ၀ကို..ဘာသာပြန် interpret လုပ်နေတာ... judge လုပ်နေတာထက်..မိတ်ဆွေကောင်းတို့ ၀တ်တရား အရ..ကြည့်ကောင်းတယ်. လှတယ်...ပျော်စရာကောင်းတယ်..တော်လိုက်တာ..ဆိုတာလောက်ပဲ စိတ်ရှင်းရှင်းနဲ့ လုပ်လိုက်ပါတယ်..


အထင်သေးတာလည်းမရှိသလို..အထင်ကြီးတာလည်း မဖြစ်မိအောင်..စိတ်ကို ကြိုးစားပါတယ်.. တစ်ခါတစ်လေကျ ဓာတ်ပုံတွေကြည့်ပြီး သုံးသပ်မိတဲ့အထဲ ကိုယ့်မသိစိတ်ကတောင် ရောယောင်ပါသွား

တတ်သေးတာကိုး..ဓာတ်ပုံဆိုတာ ရိုက်ဖြစ်ချင်တဲ့အခါလည်း ရိုက်ဖြစ်မယ်ရိုက်ဖြစ်တိုင်းလည်း Facebook ပေါ် တင်ချင်မှတင်မယ်လေ..


ပုံမတင်တိုင်း လင်မယားရန်ဖြစ်ကြလို့..ကွဲနေကြလို့တော့မဟုတ်ပါဘူး..တရားမထိုင်တာ..အလှူမလုပ်တာ..

မစားနိုင်..မသွားနိုင်တာ..အချင်းချင်း သိပ်မခင်ကြတာ...ဘာဆိုဘာမှ မဟုတ်ပါဘူး..တင်ချင်စိတ်ပေါ်လာရင် တင်လိုက်ပါတယ်..မတင်ချင်လည်း မတင်ပါဘူး..နေ့တိုင်း တင်နေတဲ့ ဓာတ်ပုံတွေကို ကြည့်ကြည့်ပြီး..သူများ ဘ၀ဇာတ်ကြောင်းကို ကြီးကြီးကျယ်ကျယ်တွေ သိပ်တွေးမနေစေချင်ဘူး..


ဓာတ်ပုံတွေထဲမှာ..တကယ့်ဘဝတွေဟာ..ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ ပါနေတတ်တယ်.. လူနည်းစုကသာ တကယ့်ဘ၀အမှန်ကို ပြတတ်ကြပါတယ်..ကျွန်မ ခရီးတွေထွက်ပါတယ်မှတ်တမ်းမှတ်ရာနဲ့ အမှတ်ရစရာတချို့အတွက် ဓာတ်ပုံတွေလည်း ရိုက်တတ်ပါတယ် ခရီးသွားတဲ့အခါ..သူများတွေ သွားသလိုပဲသွားပါတယ်..သူများတွေ စားသလိုပဲစားပါတယ် သူများတွေ ၀တ်သလိုပဲ ၀တ်ပါတယ်

ဒါပေမဲ့ ပုံတိုင်းတော့မတင်ဖြစ်ပါဘူး..သူငယ်ချင်းတွေနဲ့ စားစားသွားသွားလုပ်ပါတယ်..စိတ်ပါတဲ့အခါ ပုံတွေရိုက်ကြသလို စိတ်မပါတဲ့အခါ ဘာပုံမှမရိုက်ကြပါဘူး..


တချို့ သူငယ်ချင်းက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ် သူတို့နဲ့ဆို အများကြီး ရိုက်ဖြစ်နေပြန်ရော..

တချို့က လုံး၀မရိုက်ချင်ဘူး..၁၀ခါတွေ့လည်း ဓာတ်ပုံလေးတစ်ပုံတောင်မရှိကြပါဘူး.ဓာတ်ပုံတွေ အများကြီးရှိ်တိုင်းလည်း မိတ်စစ် ဆွေစစ်လို့မပြောနိုင်ဘူး..


ဓာတ်ပုံတွေ တစ်ပုံမှ အတူမရိုက်ဖူးဘဲ အလုပ်အတူလုပ်နေကြသူတွေ..အချင်းချင်း ကူညီ ရိုင်းပင်းကြတဲ့သူတွေ..ချစ်ခင် ရင်းနှီးကြသူတွေ ရှိနေကြသေးတာပဲ..အရာရာကို Facebook ပေါ်က ဓာတ်ပုံတွေကြည့်ပြီး အကဲဖြတ် သုံးသပ်နေကြတာဟာ..အမှားတွေ အများကြီးပါနိုင်တယ်.. လူဆိုတာ..ကိုယ့်ရဲ့ အလှပဆုံးဆိုတဲ့အပိုင်းကိုပဲ အများမြင်အောင် ပြချင်ကြတာ..ပြတတ်ကြတာ သဘာ၀ပဲ..ကိုယ့်ဘ၀နဲ့ပတ်သက်ရင်လည်း အခမ်းနားဆုံး အမှတ်တရတွေကိုပဲ ရွေးပြီး ပြချင်ကြတယ်..


ဓါတ်ပုံရိုက်ရင် လူတိုင်း ဗိုက်ကိုတော့ ချပ်ထားကြတာပဲမဟုတ်လား.ဒီလောက်ဆို..ကိုယ့်ကိုယ်ကို သဘောပေါက်သင့်ပါတယ်..


ကျွန်မတို့ဓာတ်ပုံတွေဟာအနည်းနဲ့အများတော့ညာတတ်ကြတာချည်းပါပဲ....


မွန်ဟော်စီ

၂၀၁၉ ဒီဇင်ဘာ


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page