top of page
Search

ထိန်းချုပ်လို့မရတဲ့အရာတွေကြားက ကိုယ်ထိန်းနိုင်တဲ့ဘက်

  • Jun 11, 2025
  • 1 min read

Foggy cityscape with cars on a wet road, surrounded by tall buildings. Text in a foreign script overlays the image. Mon Halsey visible.

တချို့ကိစ္စတွေဟာ ကျွန်မတို့အတွက် Out of contro ကိုယ်ဘာမှမတတ်နိုင်တာမျိုး ရှိတတ်တယ်။ များသောအားဖြင့် ပြင်ပကလာတဲ့ အကြောင်းချင်းရာတွေ ဖြစ်တတ်ကြပါတယ်။


မိုးရွာတယ်ဆိုရင် ဘယ်သူမဆို မိုးစိုနိုင်တာပါပဲ။ ရာသီဥတုနဲ့ဆိုင်တဲ့ကိစ္စမို့ မိုးမရွာနဲ့လို့လည်း တားလို့မရပါဘူး။


ဒါပေမဲ့ မိုးမစိုအောင်ဘယ်လိုနေမလဲ။ အအေးမမိအောင် မဖျားမနာအောင်ဘယ်လိုနေမလဲ။

အိမ်ထဲမှာပဲနေပြီး မိုးတိတ်အောင်စောင့်မလား။ ထီးဆောင်းပြီး သွားစရာရှိတာသွားမလား။ ဘတ်စကားဂိတ်မှာခဏ ခိုနေမလား။ အအေးမမိအောင် ဆေးကြိုသောက်ထားမလားဆိုတာက ကိုယ်လုပ်နိုင်တဲ့အပိုင်းဖြစ်ပါတယ်။ ကိုယ် ဆုံးဖြတ်နိုင်ပါတယ်။


မိုးရွာထဲမှာ ထိုင်ငိုနေလို့ မိုးတိတ်သွားမှာမဟုတ်ပါဘူး။ ကျွန်မတို့က တစ်ခါတလေကျတော့ ကိုယ်စီမံပြုပြင်လို့မရတဲ့ ပြင်ပကအရာတွေနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ရ စိုးရိမ်ပူပန်ရနဲ့ လမ်းပျောက်သွားတတ်ကြပါတယ်။


ကိုယ် Manage လုပ်လို့ရတဲ့အရာတွေကတော့ ကိုယ်ရဲ့ စိတ်အတွင်းထဲကပဲလာပါတယ်။ ဘယ်အခြေအနေမှာမဆို အတွင်းနဲ့အပြင် ကိုယ်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ နှစ်ခုကို ကွဲကွဲပြားပြားသိဖို့ အရေးကြီးတာပါပဲ။



 
 
 

Comments


  • Facebook
  • Youtube
bottom of page