Reiki စည်းမျဉ်းငါးခုနဲ့နေ့စဉ်ဘဝကို အပြည့်အဝအသက်သွင်းပါ
- Apr 28
- 2 min read

Reiki ပညာရှင်တွေ မဖြစ်မနေကျင့်သုံးကြရတဲ့ Five Reiki Precepts လို့ခေါ်တဲ့ စည်းမျဉ်းငါးခုကို နေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ဒီနေ့မှာ -
ဒေါသမထွက်အောင်နေမယ်။
စိုးရိမ် ပူပန်မှု မဖြစ်အောင်နေမယ်။
ကျေးဇူး တရားနဲ့နေထိုင်မယ်။
လုပ်စရာရှိတဲ့ လုပ်ကို ရိုးရိုးသားသား အကောင်းဆုံး ဖြစ်အောင် လုပ်မယ်။
သက်ရှိတိုင်းကို ကြင်နာမယ်။
Just for today,
I will not be angry.
I will not worry.
I will be grateful.
I will do my work honestly.
I will be kind to every living thing.
Just for today,
I will not be angry.
ဒီနေ့မှာ -
ဒေါသမဖြစ်အောင်နေမယ်။
ခက်ခဲတဲ့အခြေအနေတွေမှာ စိတ်ရှည်သည်းခံမှု (Patience) နဲ့ နားလည်မှု (Understanding)ကို လေ့ကျင့်ဖို့ အရေးကြီးပါတယ်။ ဒေါသဟာအဖြေတစ်ခုမဟုတ်ပါဘူး။ ဒေါသကြောင့်ဆုံးဖြတ်ချက်တွေမှားယွင်းနိုင်ပါတယ်။ အပူမီးတွေကူးစက်နိုင်ပါတယ်။ ဒေါသကြောင့်စိတ်ပင်ပန်းလူပင်ပန်းတွေဖြစ်ရပါတယ်။
တစ်ခုခုကြားရတိုင်းချက်ချင်း စိတ်ကတုံ့ပြန်လိုက်တဲ့အစား စိတ်အေးအေးထားပြီး ကြည်လင်တဲ့စိတ်နဲ့ တုံ့ပြန်ဖို့.. မှန်ကန်စွာဆုံးဖြတ်ဖို့ခဏအချိန်ယူရမှာဖြစ်ပါတယ်။ ငါဒေါသဖြစ်မနေဘူးလို့ သိလိုက်ရတဲ့အချိန်မှာကိုစိတ်ရဲ့အေးချမ်းမှုကိုခံစားရတာဖြစ်ပါတယ်။
Just for today,
I will not worry.
ဒီနေ့မှာ -
စိုးရိမ်ပူပန်မှု မဖြစ်အောင်နေမယ်။
အနာဂတ်ကို အာရုံစိုက်နေမယ့်အစား လက်ရှိအခိုက်အတန့်ကိုပဲ အာရုံစိုက်ပါ။ စိုးရိမ်ပူပန်မှုတွေဟာ မိမိရဲ့စွမ်းအင် Energy တွေကို Drain ဖြစ်စေပါတယ်။စီးထွက်သွားစေပါတယ်။
စိုးရိမ်ပူပန်မှုဆိုတာကအကုသိုလ်စေတသိက်တစ်ခုလည်းဖြစ်ပါတယ်။ အောက်ကိုတွန်းချနေတဲ့ Force တွန်းအားတစ်ခုလည်းဖြစ်တယ်။ Negative Vibrational Frequency တစ်ခုလည်းဖြစ်ပါတယ်။
အနာဂတ်ကို တွေးတောကြောက်ရွံ့နေမယ့်အစား ကိုယ့်ရဲ့စွမ်းအင် Inner Strength & Energyကို အားကောင်းစေမယ့်လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။လက်ရှိအချိန်မှာ အကောင်းဆုံးနေထိုင်ခြင်းဟာ အနာဂတ်ကိုအကောင်းဆုံးတည်ဆောက်နေခြင်းလည်းဖြစ်ပါတယ်။
Just for today,
I will be grateful.
ဒီနေ့မှာ -
ကျေးဇူးတရားနဲ့နေထိုင်မယ်။
ကြီးသည်ဖြစ်စေ.. ငယ်သည်ဖြစ်စေ ကိုယ့်ဘ၀မှာ ရရှိလာတဲ့ကောင်းချီး(Blessings)
များကို အသိအမှတ်ပြုခြင်းဖြင့် ကျေးဇူးတင်မှုကို မွေးမြူရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာရရှိနေတဲ့ကောင်းမွန်တဲ့အရာတွေကိုမှန်မှန်ကန်ကန်တွေးတောရင်း ကျေးဇူးတရား မှတ်တမ်း (Gratitude Practice Journal)ကိုရေးနိုင်
ပါတယ်။ ကျေးဇူးတင်လိုက်တာဆိုတဲ့စိတ်ဟာ Positive Energy ကုသိုလ်စိတ်လည်းဖြစ်ပါတယ်။ အဲဒီလိုကုသိုလ်စိတ်ဟာနေ့စဉ်ဘဝရဲ့ Energy တွေကိုတွန်းတင်ပေးနိုင်တာဖြစ်ပါတယ်။စိတ်ကို အားကောင်းစေပါတယ်။ယုံကြည်မှုဖြစ်စေပါတယ်။
Just for today,
I will do my work honestly.
ဒီနေ့မှာ -
လုပ်စရာရှိတဲ့ အလုပ်ကို ရိုးရိုးသားသား အကောင်းဆုံး ဖြစ်အောင်လုပ်မယ်။
လူတိုင်းမှာနေစဉ်လုပ်ရမယ့်အလုပ်တွေရှိပါတယ်။ ရုံးမှာထိုင်ပြီးလုပ်ရတဲ့အလုပ်တွေရှိတယ်။ အိမ်က မိသားစုကိစ္စတွေလည်းရှိတယ်။ အိမ်မှာရှိတဲ့ခွေးကလေး..ကြောင်ကလေးတွေကိုကျွေးမွေးရတာကအစ ကိုယ့်ရဲ့နေ့စဉ်အလုပ်ထဲမှာပါဝင်ပါတယ်။ရုံးမှာပဲဖြစ်ဖြစ်.. ကိုယ်ရေးကိုယ်တာဘ၀မှာပဲဖြစ်ဖြစ် လုပ်ရမဲ့ အလုပ်တွေကို သစ္စာရှိရှိနဲ့ ချဉ်းကပ်လုပ်ဆောင် ပါ။ မိမိတတ်နိုင်သလောက်အကောင်းဆုံးလုပ်မယ်ဆိုတဲ့စေတနာနဲ့ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဖို့ ကြိုးစားပါ။ အာရုံစိုက်ပေးပါ။
Just for today,
I will be kind to every living thing.
ဒီနေ့မှာ -
သက်ရှိတိုင်းကို ကြင်နာမယ်။
လူသားအားလုံးနဲ့ လူသားမဟုတ်တဲ့ သတ္တဝါအားလုံးကို ကရုဏာနဲ့ စာနာမှု (Compassion and Empathy) ဖြန့်ကျက်ပေးဖို့လိုပါတယ်။ ခက်ခဲတဲ့အခြေအနေတိုင်းကိုဖြတ်ကျော်ရတိုင်းမှာ (မေတ္တာ၊ ကရုဏာ မုဒိတာ ၊ဥပေက္ခာ ) ဆိုတဲ့ဗြဟ္မစိုရ်တရားလေးပါးကို ကျင့်သုံးဖို့ အခွင့်အရေးရလာခြင်းလည်းဖြစ်ပါတယ်။
အကူအညီလိုအပ်နေသူကို ကူညီပေးတာပဲဖြစ်ဖြစ်၊ မေတ္တာနဲ့လွှမ်းခြုံပေးတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီအခြေခံမူတွေကို နေ့စဉ်ဘ၀မှာပေါင်းစည်း လေ့ကျင့်ခြင်း၊နှလုံးသွင်းခြင်းနဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှု(Inner Peace & Harmony)၊ မိမိကိုယ်ကိုယ်နဲ့
အခြားသူများကို ပိုမိုနက်ရှိုင်းစွာ ဆက်သွယ်နိုင်မှု (Deeper connection with oneself and others)
တို့ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။
မနက်အစောတရားထိုင်တဲ့အချိန်လေးမှာ အခုဖော်ပြလိုက်တဲ့ Reiki principles ၅ချက်ကို နှလုံးသွင်းနိုင်ပါတယ်။
မွန်ဟော်စီ
၂၀၂၄
Comentários