top of page
Search

Closure ဆိုတာ ကိုယ့်ဘာသာကိုယ်ပေးလို့ရတယ်

  • Jul 17
  • 1 min read

Sunlit pine branches with droplets in a forest. Text: Closure. Mood is tranquil and reflective. Sunlight filters through trees.

ပွဲတစ်ခုပြီးပြီ အဆုံးသတ်ပြီဆိုရင် ပိတ်သိမ်းမှုလုပ်ရတယ်။ ဒါဟာထုံးစံပဲ။


သူငယ်ချင်းတစ်ယောက် အိမ်ကိုသွားလည်တယ်။ ပြောပြီးဆိုပြီးစားသောက်ပြီးရင် နှုတ်ဆက်ပြီးပြန်တယ်။ တကယ်လို့ နှုတ်မဆက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အိမ်ရှင်က ဆက်ထိုင်နေရမလား၊ အထဲဝင်အိပ်ရတော့မလား၊ ပြန်တော့လို့ပြောရမလား။ ဒါက နှုတ်ဆက်ခြင်းခွဲခွာခြင်း ပြီးဆုံးခြင်း၊ ပိတ်သိမ်းခြင်း Closure ဆိုတဲ့သဘောကို အလွယ်ဆုံးဥပမာပေးတာမျိုးဖြစ်ပါတယ်။


အခြေအနေတစ်ခုဟာ အဆုံးသတ်မှုမရှိဘူးဆိုရင် အဲဒီအခြေအနေတွေထဲမှာ ပါဝင်နေတဲ့သူတွေဟာ စိတ်ထဲမှာ တစ်ခုခုထပ်ပြီးတော့ဖြစ်ဦးမလားဆိုပြီး မျှော်လင့်နေတာတွေရှိတယ်။ စိတ်ထဲမှာမပြတ်သားဘူး။ စိတ်ဒုံးဒုံးမချနိုင်ဘူး။ ဒါကြောင့် တစ်ခုခုကိုအဆုံးသတ်ပြီဆိုရင် နှစ်ဦးနှစ်ဖက် ပိတ်သိမ်းမှုတွေ လုပ်ကြတယ်။ ပြီးသွားပြီ။ ပြတ်သွားပြီ။ ရှေ့ဆက်စရာမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်လို့ ပြောလို့ရတယ်။


အထူးသဖြင့် Relationship တွေမှာ၊ အိမ်ထောင်ရေးတွေမှာ ပိတ်သိမ်းမှုမရှိဘူး.. Closure မရဘူးဆိုရင် စိတ်ကမပြတ်မသားဖြစ်နေတတ်တယ်။ တချို့တွေဟာ အကြောင်းအမျိုးမျိုးကြောင့် သူ့ဘက်က တကယ်ပြီးပြတ်ပါပြီဆိုတဲ့ Closure ကို မပေးတာမျိုးရှိတယ်။ ငါ့ဘက်ကတော့ မပြတ်ဘူး။ ငါကတော့ တစ်သက်လုံးမပြတ်ဘူးဆိုတဲ့ပုံစံမျိုး လုပ်တာမျိုးရှိတယ်။


Closure ပေးလိုက်တဲ့အတွက် ကိုယ့်ရဲ့နှလုံးသားဟာ ရှင်းလင်းမှုတစ်ခုရတယ်။ စိတ်ကပြတ်သွားတယ်။ သူနဲ့ပတ်သက်နေတဲ့စိတ်ခံစားမှုတွေကို Release လုပ်လိုက်နိုင်တယ်။

မျှော်လင့်နေတာ၊ နောင်တရနေတာ၊ အပြစ်တင်နေတာ ဒီလိုမှမဟုတ်ရင် ဘယ်လိုဖြစ်လာမလဲလို့တွေးနေမိတဲ့အတွေးစက်ဝန်းထဲကနေ ထွက်လာခွင့်ရတယ်။


ပိတ်သိမ်းလိုက်တဲ့အတွက် ကိုယ့်စိတ်ကပြတ်ပြတ်သားသား ဒီကိစ္စကို စိတ်ဖြတ်နိုင်တယ်။ ဝမ်းနည်းနိုင်တယ်။ လက်ခံနိုင်တယ်။ အသက်အောင့်ထားတာကြာပြီဆိုတဲ့အခါမှာ သက်ပြင်းမောကို ချလိုက်သလိုသက်သာသွားတယ်။


Emotional Entanglement လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာနှောင်တည်းထားမှုတွေမရှိတော့ဘူး။ Closure သေချာမပေးဘူးဆိုရင် အဲဒီ Relationship ကို ပြန်ပြီးစိတ်ထဲမှာ Replay လုပ်နေတတ်တယ်။Social Media တွေမှာ သွားကြည့်နေတတ်တယ်။ Closure ကတော့ မျှော်လင့်မှုတွေကို ဖျက်ပစ်လိုက်တာမျိုးဖြစ်တယ်။ အဲတော့ ကိုယ့်ရဲ့စိတ်ကုစားသက်သာဖို့ကို အာရုံစူးစိုက်လာနိုင်တယ်။


Closure ရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Power ကိုပြန်ပြီး Reclaim လုပ်နိုင်တယ်။ ကိုယ်တစ်စစီ ပြိုကွဲနေတဲ့အရာတွေကိုပြန်ပြီး ကောက်ယူဆက်စပ်နိုင်တယ်။ သူတို့ကိုစောင့်နေစရာအကြောင်းမရှိတော့ဘူး။ ကိုယ့်ဘဝ ကိုယ့်ဇာတ်လမ်းကို ကိုယ့်ဘာကိုယ်ရေးရုံပဲ။ သူတို့ဟာ ဘဝရဲ့ Chapter တစ်ခုမျှသာဖြစ်တယ်လို့ လက်ခံလိုက်တာမျိုးဖြစ်တယ်။


တချို့တွေကအဲဒီလို Official Closure မရတဲ့အခါမှာ စိတ်မပြတ်ဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာမျိုးဖြစ်တတ်ကြတယ်။ ကျွန်မအမြဲပြောပါတယ်။ Closure ဆိုတာ သူများကမပေးဘူးဆိုရင် ကိုယ့်ဘာသာကိုယ်ပေးလို့ရတယ်။ တစ်ဖက်က Proper ဖြစ်တဲ့ Clossure မပေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို Closure ပေးမလဲ။


♦️အရပ်စကားနဲ့ပြောရင် သူ့ဘက်က ပြတ်တာမပြတ်တာ စိတ်မဝင်စားဘူး။ ကိုယ့်ဘက်ကတော့ ပြတ်တယ်ဆိုတဲ့သဘောမျိုးထားရမယ်။ ဒီကိစ္စကတော့ ဒီမှာပဲပြီးပြီဆိုတဲ့ နှုတ်ဆက်စာတစ်စောင်ရေးပါ။ သူ့ကိုပို့ချင်လည်းရတယ်။ မပို့ချင်ရင်လည်းရတယ်။ မပို့ဖို့ကိုတော့ Suggest လုပ်တယ်။


♦️ကိုယ့်စိတ်ထဲမှာရှိနေတဲ့အရာတွေအကုန်လုံး အန်ထုတ်ပစ်လိုက်ပါ။ တစ်ယောက်ယောက်က ဖတ်မှာ၊ တွေ့မှာ စိုးရိမ်မနေနဲ့။ ကိုယ်ခံစားရတဲ့အတိုင်းချရေးပါ။


♦️ကိုယ့်ကိုခွင့်လွှတ်ပါ။ ဒါဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်အသုံးမကျဘူးလို့ထင်နေတတ်ကြတယ်လေ။ ဒီလိုလူတစ်ယောက်နဲ့ ဘာဖြစ်လို့ဒီလောက်တောင်အချိန်တွေကုန်ခဲ့ရတာလဲ။ ဒီလောက်ပြနေတဲ့ Red flag တွေကို ဘာဖြစ်လို့လစ်လျူရှုခဲ့မိတာလဲ။ တန်ဖိုးမထားတတ်တဲ့သူကိုမှ ဘာဖြစ်လို့ဒီလောက်တောင်ပေးဆပ်ခဲ့မိတာလေ။ ဒီလိုစိတ်တွေဟာ ကိုယ့်ကိုအရမ်းနာကျင်စေတယ်။ ဒါကြောင့် ဒီအချိန်မှာကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့လိုတယ်။


♦️ဖုန်းထဲမှာရှိတဲ့သူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေ Message တွေဖျက်ပစ်တာမျိုးကလည်း Closure ပဲ။ ဒီလူတစ်ယောက် ကိုယ့်ဘဝကြီးထဲမှာ မရှိတော့ဘူး.. သူနဲ့ပြန်တွေ့စရာ..သူ့ဆီကိုပြန်သွားစရာအကြောင်းလည်းမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ အရာရာကို အဆုံးသတ်လိုက်တာမျိုးဖြစ်တယ်။


♦️ထိုက်တန်တဲ့ တောင်းပန်မှုမျိုးကိုတော့ မရခဲ့ဘူး။ ဒါပေမယ့် ငါဟာ ငါ့ကိုယ်ငါဆက်ပြီးကုစားနိုင်တယ်။


♦️ငါ့စိတ်ရဲ့နာကျင်မှုတွေကို သူနားလည်ပေးစရာမလိုဘူး။ မမျှော်လင့်တော့ဘူး။ ငါကိုယ်တိုင် Let go လုပ်နိုင်တယ်။


♦️တကယ့်အမှန်တရားနဲ့ နာကျင်မှုတွေ ၊ငါ့ရဲ့အနစ်နာခံမှုတွေကို တန်ဖိုးမထားတဲ့သူတွေဆီက အဖြေတစ်ခု.. ငါဘယ်တော့မှရှာနေစရာမလိုဘူး။


♦️အခုဒီအခြေအနေတွေ၊ ဒီလူတွေ ၊ဒီကိစ္စတွေနဲ့ ဝေးရာကို ထွက်သွားနိုင်တယ်ဆိုတာဟာ ငါ့ကိုယ်ငါဂရုစိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ငါ့ကိုယ်ငါတန်ဖိုးထားတဲ့အတွက်ကြောင့်ဖြစ်တယ်။


ပိတ်သိမ်းတယ်၊ အဆုံးသတ်တယ်ဆိုတာက စကားတွေပြောလိုက်မှ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးလိုက်မှမဟုတ်ဘူး။ တစ်ခါတလေကျရင် သူက ရင်ထဲကသန်မာတဲ့ ဆုံးဖြတ်ချက်တွေအဖြစ် တိတ်ဆိတ်စွာရောက်လာတတ်တယ်။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page