top of page
Search

Non-Judgemental Awareness

  • Dec 12, 2022
  • 2 min read

Updated: Jan 13, 2023





ree


တစ်ရက်က ကိတ်မုန့်ဆိုင်သွားတော့ ကောင်တာရှေ့မှာ.. ခပ်ဝဝလူတစ်ယောက်ပိတ်ပြီး မုန့်မှာနေပါတယ်...

ဆိုင်လေး သေးသေးလေးထဲမှာ... အာကျယ်အာကျယ်နဲ့ စကားတွေပြော ဖုန်းတွေဆက်နေတာ.. တစ်ဆိုင်လုံးမှာ သူတစ်ယောက်တည်းရှိနေတဲ့အတိုင်းပဲ ..အဲဒါကိုကြည့်ပြီး..ကျွန်မစိတ်ရှုပ်လာတယ် Trigger ဖြစ်လာတာပေါ့ ကျွန်မက..အဲလို..အော်အော်ပြီးပြောတဲ့ အသံကျယ်ကျယ်ကြီးတွေ ကြားရရင် နည်းနည်း စိတ်ရှုပ် တတ်ပါတယ် ..လော်စပီကာသံတို့..ကလေးတွေငိုသံ..ရန်ဖြစ်သံတွေဆိုလည်း သဘောမကျပါဘူး..

အဲဒီအခါမှာ..စိတ်ထဲကနေ ဒီလူကလည်း သူ့ကိုယ်ကြီးနဲ့ အကုန်လုံးပိတ်ထားတယ်။ လူမှုရေးလည်းနားမလည် နားညည်းလိုက်တာ..အစရှိသဖြင့် စိတ်ထဲက ဖြစ်လာပါတယ်...အဲဒီစိတ်ကိုသတိထားမိတဲ့အချိန်မှာ အတော် အားကောင်း နေပြီ..ကျွန်မ..နေရင်းထိုင်ရင်းကို အဲဒီလူကို ကြည့်မရတော့ပါဘူး.. ဒေါသအဖြစ် ပြောင်းပြီး လောင်မြိုက်လာနေပါပြီ..ကျွန်မ မျက်မှောင်ကျုံ့ပြီးစူပုတ်ပုတ်ဖြစ်လာပါပြီ..


တကယ်တော့ ဒေါသထွက်စရာအကြောင်းရယ်လို့လည်း မရှိပါဘူး။ သူ့ဘာသူဝတာလည်း ကိုယ့်ကိုထိခိုက် တာ မဟုတ်ဘူး သူ..အသံကျယ်တာကလည်းကိုယ်နဲ့မဆိုင်ဘူး..သူမှာထားတဲ့.. ပစ္စည်းရရင်..

သူထွက်သွားမှာပဲ.. ဒါကို..မြင်နိုင်တဲ့ သတိမရှိလိုက်တော့..မိနစ်ပိုင်းလေး အတွင်းမှာပဲ သူ့ကိုကြည့်ပြီး ကိုယ့်စိတ်မှာ Negative Energy တွေ အဖြစ်ခံလိုက်ပါတယ်..အကုသိုလ် တက်လာတာပေါ့..


ဒါပေမဲ့..ကျွန်မ ..သတိထားလိုက်မိပြီး..ချက်ချင်းပဲ စိတ်ကိုပြောင်းလိုက်ပါတယ်..Oxford ဆရာတော်ကြီးရဲ့ Non Judgmental Awareness ဆိုတာလေးကို သတိရလိုက်မိပါတယ်.. Awareness ဆိုတာကတော့ ဖြစ်ပြီး Non Judgemental ဆိုတာက..အကောင်းအဆိုးမဝေဖန်တဲ့ စိတ်ပါပဲ..ကိုယ့်စိတ်နဲ့ လိုက်ပြီး.. မဝေဖန်ဘဲ..အရှိကိုအရှိတိုင်းလက်ခံ သတိရှိနေတာဟာ..Non Judgmental Awareness ပါပဲ..


ကျွန်မကိုယ်ကျွန်မပြန်စဉ်းစားမိတော့.. ကျွန်မဟာ..အရင်က..အင်မတန်မှ Judgmental ဖြစ်ခဲ့ပါတယ် ကျွန်မအတွက်..မြင်သမျှ..ကြားသမျှတွေဟာ ကိုယ့်စိတ်နဲ့ မကိုက်ညီဘူးဆိုရင် ဝေဖန် ပြစ်တင်လိုက်ဖို့ အမြဲ အဆင်သင့်ဖြစ်နေခဲ့ဖူးတယ်..ဘာဖြစ်လို့..ဒီလိုတွေဖြစ်နေရတာလဲဆိုပြီး မကျေမနပ်ဖြစ်လိုက်ဖို့..စိတ်က သိပ်ကို လွယ်ကူခဲ့ပါတယ်..


ဒါကြောင့်မို့..ကျွန်မအရင်တုန်းက ရေးခဲ့တဲ့စာတွေဆိုရင် အခုအချိန် Memory မှာပေါ်လာလို့ ပြန်ဖတ်မိတဲ့ အခါတိုင်း ကိုယ်ရေးခဲ့တာမှဟုတ်ရဲ့လားဆိုပြီးကြက်သီးတောင်ထမိတာပါပဲ..အသုံးအနှုန်းတွေလည်း အတော်ကြမ်းတမ်းတယ်..ကျွန်မဖျက်ပစ်ခဲ့တဲ့ Post တွေအများကြီးပါပဲ.. အဲဒီတုန်းကကျွန်မက နိုင်ငံတကာလည်း အတော်နှံ့နေခဲ့တဲ့သူဖြစ်ပါတယ်..ဒါကြောင့် ငါသွားနိုင်တယ်..ငါရောက်နိုင်တယ်ဆိုတဲ့ အတ္တနဲ့ မာနလည်းဝင်နေခဲ့တယ်..စေတနာနဲ့ အတွေ့အကြုံတွေ မျှဝေခဲ့တယ်..

ဒါပေမယ့်ကျွန်မရေးတဲ့လေသံက ဒေါသပါနေတယ်.. မေတ္တာမပါ..ပါဘူး..မကျေမနပ်နဲ့ ထိုင်ပြောနေတဲ့ အတိုင်းပဲ..အဲဒီတုန်းက ခဏခဏ အဆဲခံရပါတယ်.. အခုတော့ ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်တောင်ဆဲချင်တာ.. သူများလာဆဲတာလည်း မထူးဆန်းပါဘူးလို့တွေးမိတယ်..

အခုအချိန်မှာကျွန်မက Judge လုပ်တာအတော်ကြီးကို လျော့သွားပါတယ်..ဒါကလည်း Circle of Control ကိုယ်ထိန်းချုပ်ထားလို့ရတဲ့အရာတွေပေါ်မှာပဲ အာရုံထားလိုက်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်.. ကိုယ်ပြောင်းလဲလို့မရတဲ့ အရာတွေအတွက် စိတ်ထဲမှာ သိပ်မထားတော့ဘူး.. Non Judgemental Awareness ကိုရလာပါတယ်..


ကိတ်မုန့်ဆိုင်က ကိစ္စဟာ..ဥပမာတစ်ခုအနေနဲ့ ပြောပြတာဖြစ်ပြီး ဒီလိုအဖြစ်အပျက်တွေဟာ..ကျွန်မတို့ ကားမောင်းရင်လည်းဖြစ်တတ်ပါတယ်.. သွားရင်းလာရင်းနဲ့လည်းဖြစ်တတ်ပါတယ်..Facebook သုံးရင်းနဲ့လည်း ဖြစ်တတ်ပါတယ်..သူများ ဝတ်တာစားတာ သွားတာလာတာကို ကြည့်ပြီးတောင်.. ကြိုက်တယ်.. မကြိုက်ဘူး..ပုံတုံးကြီး..မမိုက်ပါဘူး..ဆိုတာမျိုးက လွယ်လွယ်ဖြစ်တတ်ကြပါတယ်..ဒါက Auto Mind အလိုအလျောက် ဖြစ်နေတတ်တဲ့ စိတ်တွေပါ..သတိမထားတဲ့အခါ သိပ်ကို အားကောင်း နေတတ်ကြပါတယ်..


မနေ့ကပဲ..အစ်မတစ်ယောက်နဲ့ စကားပြောတော့....အစ်မတို့ဟာ..အချင်းချင်း မေတ္တာတရား..ဆုတောင်းတွေ ပို့လွှတ်ရင်းနဲ့ပဲ အရာရာကို ကျော်ဖြတ်ရမှာ..လို့ ပြောတဲ့အတွက် ကိုယ့်ကို သတိပေးသလိုလည်း ဖြစ်ခဲ့ရတယ်..Wonder Woman ရုပ်ရှင်ထဲမှာ Only LOVE can save the world ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ..ချစ်ခြင်းမေတ္တာတရား တစ်ခုတည်းသာ..ဆိုတာလေး အမှတ်ရမိတယ်..


တစ်ရက်က..ကျွန်မမိတ်ဆွေ Healers တွေ့အိမ်ကိုလာရင်း..ကျွန်မရဲ့ Chakara တွေကို Balance လုပ်ပေးကြတဲ့အခါ..Heart Chakara အားမကောင်းဘူးလို့ဆိုပါတယ် ကျွန်မကတော့. ကိုယ့်ကိုယ်ကိုယ် အတော်ပြောင်းလဲနိုင်ခဲ့ပြီး ချစ်ခြင်း မေတ္တာတွေ ပြည့်နေပြီလို့ထင်ပေမယ့် Heart Chakara အားပျော့နေတယ်ဆိုတာသိလိုက်ရတော့ နည်းနည်းတောင်စိတ်ဓါတ်ကျသွားပါတယ်..ငါလိုသေးပါလားပေါ့..

ကိတ်မုန့်ဆိုင်က ကိစ္စကို ကြည့်ရင်...Heart Chakara အားမကောင်းသေးတာလည်း.. မထူးဆန်းတော့ပါဘူး..


မေတ္တာ..ဂရုဏာ..မုဒိတာ..ဥပေက္ခာ ဆိုတဲ့ ဗြမ္မစိုရ် တရားလေးပါးဟာ နှလုံးသားမှာ တည်နေတာပါ..Heart Chakara ရှိတဲ့နေရာမှာပေါ့..သာမာန် ပုထုဇဥ် လူသားတွေရဲ့ သဘာဝ..ကျွန်မတို့ဟာ.. မေတ္တာဓာတ်တွေနည်း နေတတ်ကြတယ်..ကျွန်မတို့မှာမွေးကတည်းက..မေတ္တာမျိုးစေ့ပါလာပေမယ့်..ကျင်လည်ရာ..ရှင်သန်ကြီး

ပြင်းရာ ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကြောင့် အဲဒီမျိုးစေ့ကအပင်ပေါက်မလာဘဲ.. မေတ္တာဓါတ်..

အကြည်ဓာတ်တွေ..ခန်းခြောက်လာတာပါပဲ..


ကျွန်မ ..ဆရာမတစ်ယောက်က မေတ္တာ ကမဌာန်းလုပ်တာ ..လမ်းထွက်ပြီဆိုတာနဲ့..ဘယ်နေရာသွားသွား

..ဘယ်သူ့ကိုတွေ့တွေ့..မေတ္တာတောက်လျှောက်ပို့သွားတယ်လို့ဆိုပါတယ် ..ကျွန်မ လိုက်လုပ်ကြည့်တော့ သိပ်မလွယ်ပါဘူး ..အခု လုပ်ကြည့်မိတာက...Facebook ကြည့်တဲ့အချိန် မေတ္တာ..ဂရုဏာ..မုဒိတာ ဥပေက္ခာ ဆိုတဲ့ သတိနဲ့...Mindful Scrolling လုပ်ကြည့်တာပါ..


မိတ်ဆွေတွေရဲ့ ပုံလေးတွေပေါ်လာသမျှ ကောင်းတယ်.. လှတယ် ..ဝမ်းသာတယ်.. ချစ်တယ်..နေကောင်းပါစေ...အဆင်ပြေပါစေ..လို့..မေတ္တာ..ဂရုဏာ..မုဒိတာ..ပွားလိုက်ပါတယ်..


မကြိုက်တာတွေ့ရင် ကျော်တယ်.. Hide လုပ်တယ်..Snooze for 30 days..အရက် ၃၀လောက် ခဏအိပ်ခိုင်းထားလိုက်တယ်.. ဥပေက္ခာ..ထားလိုက်တယ်..လူတွေမှာက မေတ္တာ..ဂရုဏာ..မုဒိတာ..ဥပေက္ခာ ဆိုတဲ့ ဗြမ္မစိုရ် တရားလေးပါးဟာ Foundation အခြေခံအုတ်​မြစ်ပဲ ဖြစ်တယ်.. အဲဒီ တရားလေးပါးဟာ ဟန်ချက်ညီစွာ ခိုင်ခန့်မျှတမှုရှိနေပါမှ အထက်ကိုတက်နိုင်တဲ့ စွမ်းရည်ကို ရမှာ ဖြစ်ပါတယ်..


တရားအားထုတ်တဲ့အခါ..ဉာဏ်စဉ်တွေ တက်ဖို့..ဥာဏ်တွေပွင့်ဖို့ ..စိတ်ရဲ့ အလုံးစုံသော အေးငြိမ်း လွတ်မြောက်မှုကို ရဖို့ဆိုရင် ဒီလေးခုက ညီညွတ်မျှတနေဖို့အရေးကြီးတယ်.. တစ်ခါတလေကျတော့ ကျွန်မတို့ကအထက်ကို..ရောက်ချင်တယ် အလင်းတွေပွင့်ချင်တယ်..ဉာဏ်တွေရချင်တယ်..ဆိုတာပဲ ဖြစ်နေတယ်..ဒါပေမယ့် တကယ့်အခြေခံအုတ်မြစ် တရားတွေမှာတော့ ခိုင်မာ မြဲမြံအောင် မတည်ဆောက်

နိုင်ကြပါဘူး..သစ်ပင်အောက်က ချုံတောတွေကိုရှင်းမထုတ်ဘဲ ထိပ်ဖျားတော့တက်လို့ရမှာ မဟုတ်ပါဘူး..

အဲဒီအခါမှာ..သွားနေတဲ့လမ်းတွေကလည်း ရောက်သင့်သလောက်ခရီးမရောက်ဘူး.. ဖြစ်နေကြရတာပါ.. ဒါကကျွန်မအတွက်လည်း..အခုလို နှစ်ကုန်ခါနီး အချိန်မှာ..ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သုံးသပ်ခြင်း.. Reflection လုပ်ခြင်းလည်းဖြစ်တယ်..


ဒီစာလေးက.. ဆရာတော်ကြီးနဲ့ ကျွန်မရဲ့ ဓမ္မမိတ်ဆွေတွေရဲ့ တရားစကား ..သတိပေးစကားတွေပေါ် အခြေခံထားတဲ့အတွက် သူတို့ကို ကျွန်မ ကျေးဇူးတင်ပါတယ်..ဦးညွတ်ပါတယ်..


မွန်ဟော်စီ

၂၀၂၂ ဒီဇင်ဘာ


#မနက်စာအာဟာရ







 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page