ရရှိလာခဲ့တဲ့ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်သွားမလဲ။
- Jan 1
- 1 min read

ရရှိလာခဲ့တဲ့ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်သွားမလဲ။
Life is not about finding yourself. It is about creating yourself.
ဘဝဟာ ရှာဖွေတွေ့ရှိချက်တစ်ခု မဟုတ်ပါဘူး။ ကိုယ်တိုင် တည်ဆောက်သွားရမဲ့အရာတစ်ခု ဖြစ်ပါတယ်။
၁) ကိုယ့်ကိုကိုယ် အရင်ဆုံးချစ်ရမယ်။
Love yourself first.
ကိုယ့်ကိုယ်ကိုယ်ချစ်မှ တခြားသူတွေကလည်း ချစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှ တခြားသူကလည်း လေးစားမှာပါ။
၂) အတိတ်ဖြစ်ရပ်တွေကနေ သင်ခန်းစာယူလိုက်တယ်။ ဆက်ပြီးတော့ တွေးတောဝမ်းနည်းမနေတော့ဘူး။
ရှေ့ဆက်သွားရမယ့် ဘဝက နောက်မှာကျန်ခဲ့တဲ့ဘဝထက် ပိုပြီးအရေးကြီးတယ်။
The Life in front of you is far more important than the life behind you.
၃) ကိုယ်ဘယ်လောက် ကံကောင်းသလဲဆိုတဲ့အကြောင်းကို နေ့စဉ်ရှာဖွေ ကျေးဇူးတင်မယ်။ ကုသိုလ်တွေကိုစုမယ်။
Appreciate how lucky you are everyday and collect merit.
၄) တစ်ယောက်တည်း နေရတဲ့အချိန်တွေကို တန်ဖိုးထားမယ်။
Embrace Loneliness.
အဲဒီအချိန်မှာ တရားထိုင်မယ်။ ခွေးကလေးတွေနဲ့ဆော့မယ်။ စာအုပ်ဖတ်မယ်။ စာရေးမယ်။
၅) ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာတွေကိုလျှော့မယ်။
Stop complaining about people and things.
ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းဖို့ကြိုးစားမယ်။
၆) ခွဲခွာသင့်တဲ့သူတွေကို ခွဲခွာမယ်။
Say Goodbye to the people you should leave.
ကိုယ့်အတွက် ဘယ်လိုမှ အကျိုးမရှိနိုင်တဲ့သူတွေ Positive စွမ်းအင်ကို သယ်ယူလာမပေးနိုင်တဲ့သူတွေကို အလေးခံပြီး ဘဝထဲမှာ ထမ်းပိုးထားဖို့ မလိုအပ်တော့ဘူး။
၇) တခြားသူတွေနဲ့ ယှဉ်ပြိုင်မှုတွေကို လျှော့ချမယ်။ ကိုယ်ရောက်အောင်သွားရမဲ့ ပန်းတိုင်ကို ကိုယ်တိုင်သိတယ်။
Live Life your way.
၈)ကျန်းမာရေးကိုလိုက်စားမယ်။ နေ့စဉ်ချွေးထွက်အောင်လုပ်မယ်။
Sweat every day to boost your mood.
မကျန်းမာရင် ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်မရတော့မှာကို သိတယ်။
၉) ဦးနှောက်ကို ရှင်းနေအောင်ထားမယ်။
Clean up your mental space.
အသေးအဖွဲလေးတွေနဲ့ ခေါင်းရှုပ် စိတ်ရှုပ် မခံတော့ဘူး။
၁၀) ဘဝမှာ ချစ်ရသူတွေကို အချိန်ပေးမယ်။ သတိရမှုကို တတ်စွမ်းသလောက်ပြမယ်။
Show your love to your loved ones.
ကျွန်မတို့ဟာ ကိုယ့်ဘဝရဲ့ပုံရိပ်ကို ကိုယ်တိုင်ရေးဆွဲမဲ့ပန်းချီပညာရှင်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ်ရေးဆွဲရမဲ့ စုတ်တံကိုတော့ ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးလိုက်ပါနဲ့။
You are the Artist of your own life.
Don't hand the paintbrush to anyone else.
မွန်ဟော်စီ
၂၀၂၀



Comments