top of page
Search

မလိုက်နဲ့… ဆွဲငင်ပါ

  • May 28
  • 2 min read


Vines climb a white brick wall under sunlight. Orange text "Mon Halsey" is at the top with additional text in Burmese at the bottom.

ဘဝကိုရလာတာလည်း ပင်ပန်းဆင်းရဲမှု ဒုက္ခသစ္စာလို့ ဘုရားဟောပါတယ်။

ဒီခေတ်မှာ လူတွေလည်း စိတ်ရောလူရော ပင်ပန်းကြပါတယ်။ လိုချင်တာတွေလည်းများလာကြတာကြောင့် ဖြစ်မယ်ထင်ပါတယ်။

လူတစ်ယောက်ဟာပုံမှန် စားဖို့လောက်ပဲတွေးရမယ်။ အလုပ်လုပ်ရမယ်ဆိုရင် ဒီလောက်ပင်ပန်းမှာမဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်မတို့က နေဖို့လည်းတွေးရတယ်။6သဖို့လည်းတွေးရတယ်။ မိဘအတွက်လည်းတွေးရတယ်။ သားသမီးအတွက်လည်းတွေးရတယ်။ သုံးဖို့အတွက်လည်းတွေရတယ်။ ယှဥ်ပြိုင်ကြွားဝါဖို့အတွက်လည်း တွေးရတယ်ဆိုတော့ ရသလောက်ကလည်း မလောက်၊ ရှာသလောက်ကလည်း လက်ထဲအထားမခံတာမျိုး ဖြစ်နေတတ်ကြတာပါပဲ။

ဒါကြောင့် ကိုယ့်ဘဝပြည့်စုံရေး ကိုယ့်ဆန္ဒတွေပြည့်ဝရေးအတွက် ကျွန်မတို့က လိုချင်တဲ့အရာတွေနောက်ကို လိုက်နေမိတတ်ကြတယ်။ ဒီလို နောက်ကနေလိုက်တာကို အင်္ဂလိပ်လိုဆိုရင်တော့ Chase လုပ်တယ်လို့ခေါ်ပါတယ်။ အနောက်ကနေ မမောနိုင်မပန်းနိုင် လိုက်နေတာပါပဲ။

ချစ်ခြင်းမေတ္တာနောက်ကိုလိုက်တယ်၊ ချမ်းသာကြွယ်ဝမှုနောက်ကို လိုက်ကြတယ်။ ကျော်ကြားမှုနောက်ကိုလိုက်တယ်။ အောင်မြင်မှုနောက်ကိုလိုက်တယ်။ မိတ်ဆွေအပေါင်းသင်းကဏ္ဍမှာ ဝင်ဆံ့နိုင်ဖို့ လိုက်တယ်။

တကယ်တော့ ကောင်းတဲ့အရာတွေကိုရဖို့ဆိုရင် အနောက်ကနေ မလိုက်ဘဲ ကိုယ့်ဆီကိုရောက်အောင်ဆွဲယူရမှာဖြစ်ပါတယ်။ ဒီလို ဆွဲငင်ယူတာကိုတော့ အင်္ဂလိပ်လိုဆိုရင် Attract လုပ်တယ်လို့ဆိုပါတယ်။

ဒီနေရာမှာ Universe ရဲ့ Law of Attraction ဆွဲငင်ခြင်းနိယာမကို သဘောပေါက်ဖို့ လိုပါတယ်။

Law of Attraction သဘောတရားအရ လောကကြီးမှာရှိနေတဲ့ သက်ရှိသက်မဲ့အရာရာနဲ့ အတွေးတွေစိတ်ခံစားမှုတွေကအစ အချင်းချင်းဆွဲငင်နေတတ်ကြတာဖြစ်ပါတယ်။

ကမ္ဘာမြေကြီးမှာ Gravity ဆိုတဲ့ ဆွဲငင်အားရှိတဲ့အတွက်ကြောင့် ကျွန်မတို့ဟာ မြေပေါ်မှာရပ်နေနိုင်ကြတာဖြစ်ပါတယ်။ လူတွေ တိရိစ္ဆာန်ကျေးငှက်တွေ အချင်းချင်းဆွဲငင်ကြပြီး မျိုးပွားမှုတွေလုပ်ကြတဲ့အတွက်ကြောင့် လူသားမျိုးနွယ်တွေ တိရစ္ဆာန် ကျေးငှက် ပင်လယ်သတ္တဝါမျိုးနွယ်တွေ ပေါက်ဖွားလာကြတာဖြစ်ပါတယ်။

ကိုယ်ခန္ဓာထဲမှာ Cells တွေအချင်းချင်း ဆွဲငင်ပေါင်းစပ်ထားတဲ့အတွက်ကြောင့် ရုပ်တရားကြီးဖြစ်ပေါ်နေပါတယ်။ လူတွေရဲ့ဝါသနာ အကြိုက်တွေ အချင်းချင်းဆွဲငင်နေတဲ့အတွက်ကြောင့် အသင်းအဖွဲ့တွေ ပေါ်ပေါက်လာရပါတယ်။

အတွေးတွေကလည်းဆွဲငင်ပါတယ်။ ကျွန်မတို့ရဲ့အတွေးတွေနဲ့ တုန်ခါနှုန်း Frequency တူတဲ့ လူတွေ အဖြစ်အပျက်တွေ အခြေအနေတွေဟာ ကျွန်မတို့ဘဝတွေထဲကို ရောက်လာတတ်ကြပါတယ်။

ဒါဟာ ဆွဲငင်ခြင်းရဲ့နိယာမပါပဲ။ Law of Attraction ရဲ့ ဥပမာတွေလည်းဖြစ်ပါတယ်။ Universe ရဲ့ ဥပဒေသ/ နိယာမတွေထဲမှာ Law of Attraction ဆိုတာ လူသိအများဆုံးတစ်ခုဖြစ်ပါတယ်။

ဒီနိယာမကို ကောင်းစွာ အသုံးချနိုင်တယ်ဆိုရင် ကျွန်မတို့ရဲ့ဘဝတွေကို အတွေးတွေကနေတဆင့် ပြောင်းလဲနိုင်တယ်လို့ စွမ်းအင်ပညာရှင်တွေ ယုံကြည်မှုရှိကြပါတယ်။

What you feel ,you attract လို့ဆိုတဲ့အတွက်ကြောင့် ကိုယ်ရချင်တဲ့ အရာတွေ အခြေအနေတွေ ကိုယ့်ဆီရောက်လာအောင် ဆွဲယူဖို့အတွက် ကိုယ့်ရဲ့ခံစားတွေးတောနေမှုတွေကိုပြင်ဖို့ လိုပါတယ်။

Attract လုပ်ရမယ့်နေရာမှာ Chase လုပ်နေကြတော့ လိုချင်တာတွေရမလာဘဲ မလိုချင်တာတွေကသာ ရလာတာများပါတယ်။

လောဘ ဒေါသတွေပါနေမှတော့ သူနဲ့ကိုက်ညီတဲ့ Energy တွေပဲကိုယ့်ဆီကိုရောက်လာတတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။

Manifestation ရဲ့သဘောမှာ လောဘ၊ ဒေါသ၊ မောဟ ယှဥ်ပြိုင်မှုတွေ မာန်မာနတွေပါနေရင် အလုပ်မဖြစ်တဲ့သဘောကို တွေ့ရပါတယ်။

ကိုယ်က ၁၀၀ လောက်လိုချင်ပေမဲ့ ၁၀ လောက်နဲ့ ရပ်တန့်နေတာဟာ ၁၀၀ နဲ့တန်တဲ့ စိတ်အစဉ်လှိုင်း Energetic Frequency မျိုးမရှိတဲ့အတွက်ဖြစ်ပါတယ်။

ကျွန်မရဲ့မိတ်ဆွေတစ်ယောက်ဆိုရင် အရင်တုန်းကစီးပွားရေးလုပ်တာလည်း အတော်အဆင်ပြေပါတယ်။ သူဟာပညာတတ်ပြီး စိတ်နှလုံးနူးညံ့တဲ့သူလည်းဖြစ်တယ်။

ဒါပေမဲ့ အလုပ်သဘောနဲ့ ပတ်ဝန်းကျင်အရ အပြစ်တင်နေတာတွေ မကျေနပ်မှုတွေနဲ့ သူလည်း စိတ်ကြမ်း လူကြမ်းဖြစ်လာပြီး အကြည်ဓာတ်ကလေး ပျောက်သွားတာကို သတိထားမိပါတယ်။လိုချင်တာတွေနောက်ကို အပူနဲ့လိုက်နေတော့ အဆင်မပြေတာတွေလည်း ဖြစ်လာတယ်။

ဒါကြောင့် နှလုံးသွင်းမှန်ဖို့လိုတယ်ဆိုတာ အရေးကြီးပါတယ်။ပိုင်းလော့ဆရာတော်ကြီး မိန့်သလိုပါပဲ။ အခုတွေးနေတဲ့ အတွေးစတွေဟာ အနာဂတ်မျိုးစေ့တွေပဲ ဖြစ်ပါတယ်။

အချိန်တိုင်းမှာ ကိုယ်ဟာ ဘယ်လိုအရာတွေကိုတွေးနေမိလဲ။ ဘယ်လိုအရာတွေကိုလုပ်နေလဲ။ ဘယ်အရာတွေ နောက်ကိုပြေးလိုက်နေမိလဲ။ ဘယ်လိုစကားတွေကိုပြောနေမိလဲ။

ကိုယ်ဟာ နောက်ကနေပြေးလိုက်နေမိတာလား။ ဆွဲငင်ရယူနေတာလားဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

ခဏခဏလုပ်တယ်။ အကြိမ်ဖန်များစွာလုပ်တယ်။ တချိန်လုံးလုပ်တယ်ဆိုရင် ဒီအကျင့်တွေက စွဲသွားတတ်ပါတယ်။ ဒါကိုသတ္တိကိန်းတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ Energy တွေ စုပေါင်းများပြား Accumulation ဖြစ်လာနေတာပါပဲ။

သံသရာတစ်လျှောက်လုံး Positive and Negative ကောင်းတာနဲ့မကောင်းတာမှာ မကောင်းတာတွေရဲ့ ဂုဏ်သတ္တိ Negative Energy တွေဟာ ကျွန်မတို့ဆီမှာ ကြိမ်ဖန်များစွာ ကိန်းဝင်ခိုအောင်းနေလာခဲ့ပြီးသားဖြစ်တဲ့အတွက် နောက်ကနေ လောဘ ဒေါသနဲ့ ပြေး ပြေးလိုက်တတ်တဲ့ အကျင့်လေးတွေစွဲနေသလို သတ္တိလေးတွေကလည်း ကိန်းနေကြတာ ဖြစ်ပါတယ်။

ဒါတွေကို ချက်ချင်းဖျောက်ပစ်ဖို့ မလွယ်ပေမဲ့ အတွေးတွေကိုပြောင်းပြီး ဆွဲငင်တတ်ဖို့ Attract လုပ်တတ်ဖို့ ကြိုးစားကြရမှာပါ။ ကျွန်မလည်း အမြဲ ကြိုးစားနေပါတယ်။အပူနဲ့လိုက်နေမိရင် ရပ်တန့်ဖို့ အအေးဓာတ်တွေနဲ့ လွှမ်းခြုံ ဆွဲယူတတ်ဖို့ ကြိုးစားရတာပါပဲ။

ကျွန်မတို့တွေ အားလုံးဟာ ဘဝမှာ ကောင်းတဲ့အရာတွေကို အလိုရှိကြတာပါ။

နောက်ကနေ ပြေးလိုက်နေမဲ့အစား ကိုယ့်ဆီရောက်လာအောင်သာ အအေးဓာတ် အကြည်ဓာတ်တွေနဲ့သာ ဆွဲယူပါ။

Don't chase!

Attract!

မွန်ဟော်စီ

၂၀၂၂

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page