top of page
Search

Toxic Ego Vs Self Respect

  • May 15, 2023
  • 1 min read

ကျွန်မက

လက်သုပ်စုံတွေ ကြိုက်တတ်တယ်..ဒါကြောင့် တစ်ပတ်ကို တစ်ခါလောက်တော့ ဝယ်စားဖြစ်ပါတယ်..လမ်းဘေးမှာရောင်းတဲ့ အသုပ်..၊ အချဥ်ရည်နီနီနဲ့အသုပ်တွေ

စားတယ်။ပြီးရင် ဗိုက်နာတဲ့ ဇာတ်လမ်းကစတော့တာပါပဲ...။


အသုပ်စားတဲ့နေ့ ကျွန်မ အိမ်သာကိုဝင်လိုက်ထွက်လိုက်လုပ်နေပြီ..မနက်က အသုပ်စားလိုက်တယ်..ဗိုက်မကောင်းဘူး...ဘာညာ ပြောမိပြီ။


အမှတ်မရှိတာကတော့

ဗိုက်နာမယ်ဆိုတာ သိပြီးတော့လည်း

နောက်နည်းနည်းကြာတဲ့အခါ..အသုပ်ကိုတမ်းတပြီး..

စားလိုက်မိပြန်တာပါပဲ။


ကိုယ့်ကိုယ်ကိုယ် တောင် အံ့သြနေမိတယ်။

ဗိုက်နာတာ ကြိုက်လားဆိုရင် မကြိုက်ဘူး..ဘာကြောင့် နာသလဲ.. သိလားဆိုရင် သိတယ်..ခေါက်ဆွဲသုပ်စားဦးမှာလားဆို စားမယ်လို့ပဲ အဖြေထွက်တယ်..အဲတော့ အူတွေ

ဘာဖြစ်ဖြစ်..

ဗိုက်ထဲမှာ ဘာဖြစ်ဖြစ် လက်သုပ်စုံတော့ စားကိုစားမှာပဲ..။ ဂရုမစိုက်ဘူးဆိုတဲ့ Mentality ပါပဲ..။


ဒီစာရေးရင်းနဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ကို သတိရမိတယ်..သူနဲ့ ကိုယ်နဲ့ အသက်ရွယ်တူပါပဲ။


လွန်ခဲ့တဲ့ ၇နှစ်..၈နှစ်လောက်က သူနဲ့ Gala Dinner တစ်ခုမှာ ဆုံဖူးတယ်။ အတော်ကိုကောင်းတဲ့ European Buffet ကျွေးတာပါ..အကုန်လုံးလည်း အတော်အားရပါးရစားကြတယ်ပေါ့။


မင်းသမီးကတော့ Buffet Table နားလာရပ်..ဟိုကြည့်ဒီကြည့်နဲ့

သူ့ပန်းကန်ထဲ အရွက် နှစ်ရွက်လောက်ပဲထည့်ယူသွားပြီး စားနေတာတွေ့ရတော့..သြော်..ဒါကြောင့်..သူဟာ..သူဖြစ်နေတာကိုးလို့ တွေးမိတာပါပဲ..


ခုထိ သူ့ကိုယ်လုံးဟာ ပိန်လည်း မပိန်သွားသလို..ဝလည်းဝမနေပါဘူး..ကျွန်မအနေနဲ့ကတော့ လွန်ခဲ့တဲ့ ၈နှစ်ကထက် အခုအချိန်မှာ ၁၅ ပေါင်လောက် တက်လာခဲ့ပြီဖြစ်ပါတယ်။


ဒီနေရာမှာ ပိန်တယ်ဝတယ်..လှတယ် မလှဘူး ဆိုတာထက်

Self Respect ဆိုတာကို ပြောချင်ပါတယ်။ကိုယ်တိုင် ကျန်းမာအောင်နေတယ်ဆိုတာ Self Respect ပါပဲ..


ကျွန်မတို့က

ကိုယ်စားချင်တာ စားပြီး..ကိုယ့်ကိုယ်ကိုယ်အလိုလိုက်တာကို..ကိုယ့်ကိုယ်ကိုယ် ချစ််တာလို့ ထင်နေတတ်ပါသေးတယ်..။ ဒီနေ့တော့ စားလိုက်ပြီ..ငါ့ကိုယ်ငါ ချစ်လိုက်တော့မယ်။ ကြိုက်တာကျွေးလိုက်တော့မယ်လို့ ပြောမိတတ်ကြတယ်မဟုတ်လား။


တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ထင်နေတာတွေဟာ..တစ်ခါတလေမှာ

Toxic Ego မိမိကိုယ်ကို အဆိပ်သင့်စေတဲ့အတ္တတွေ ဖြစ်နေတတ်ကြတယ်။


ဒါကြောင့် Toxic Ego နဲ့ Self Respect ကြားမှာ စည်းပါးပါးလေးတစ်ခုသာ ခြားနေတယ်လို့ ဖတ်ခဲ့ဖူးတယ်.. There is a thin line between toxic ego and self respect.


ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်တဲ့အခါ Body နဲ့ Connection ပြတ်တောက်နေသလိုခံစားလာရတတ်ပါတယ်။ ကိုယ့် ခန္ဓာကိုယ်ကို Respect ပေး အလေးထားဖို့အတော်လိုနေသေးတာပဲလို့ တွေးမိပါတယ်။


ကျွန်မကတော့ အဲဒီလို ခံစားလာရပြီဆိုရင် Fasting လုပ်လိုက်ပါတယ်။ အရွက်တွေများများစားလိုက်ပါတယ်။ Detox လုပ်လိုက်ပါတယ်။ အဲဒီအခါမျိုးတော့ လိမ်လိမ်မာမာနေပါတယ်..။ Consistencyရှိဖို့.. အစဥ်တစိုက်လုပ်နိုင်ဖို့ကတော့ အတော်ကို ကြိုးစားရဦးမှာပါပဲ။


အစာလျော့..အူရှင်းပြီး လူကပေါ့သွားပြီဆိုတဲ့အခါ ကိုယ်နဲ့စိတ်ဟာ ပြန်ပြီး ချိတ်ဆက်လာမိတတ်ပါတယ်..အဲဒီအချိန်ဟာ နေလို့ကောင်းတဲ့အချိန်.. အလုပ်လုပ်လို့ ကောင်းတဲ့အချိန်ပါပဲ..။


အစားစားတဲ့ ကိစ္စဟာ ထိန်းဖို့အခက်ဆုံးဖြစ်ပြီး သူ့ကိုထိန်းလိုက်နိုင်ပြီဆိုတဲ့အခါ တခြားအရာတွေပါ Under Control ရသွားတာကိုလည်း တွေ့ရတတ်ပါတယ်။


ကိုယ်ခန္ဓာဆိုတာ ကျွန်မတို့နေထိုင်တဲ့ အိမ်ပဲဖြစ်ပါတယ်..ကိုယ့်အိမ်ကို ချစ်မှပဲ မပျက်စီးအောင် တန်ဖိုးထားတတ်လာမှာပါ..ကိုယ်နေတဲ့အိမ်တွေ

ကို ကိုယ်တိုင်က စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်အပြည့်ရှိကြတာပါ။


မွန်ဟော်စီ

၂၀၂၃ မေ

#မနက်စာအာဟာရ


Photo

FreeStock

 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page